About this Item
ပန်ကာအနေနဲ့ အသုံးပြုနိုင်သလို မီးအိမ်အနေနှင့်လဲအသုံးပြုနိုင်သော ပန်ကာအမျိုးအစားဖြစ်ပါသည် ။ လေပြင်းအားအဆင့်သုံးဆင့်ပါရှိပြီး အနိမ့်ဆုံးထားသုံးလျှင် 10 နာရီဝန်းကျင် ၊ ဒုတိယအဆင့်ဆိုလျှင် 5 နာရီဝန်းကျင် ၊ လေပြင်းအားအမြင့်ဆုံးထားသုံးလျှင် 2:30 နာရီလောက်အထိအသုံးပြုနိုင်ပါသည် ။ Battery အရှင်ဖြစ်ပြီးအသုံးပြုတာကြာလာပြီး အားမခံတော့ရင်တောင် အသစ်ထုတ်လဲလို့ရတဲ့အတွက်အရမ်းအဆင်ပြေပါတယ် ၊ အားသွင်းစနစ်မှာလဲ Type C နှင့်ဖြစ်တာမလို့ အရင်လို Micro ကြိုးရှာသွင်းနေစရာမလိုတော့သလို အားသွင်းလဲ မြန်ဆန်ပါတယ် ။ စားပွဲတင်ပန်ကာအနေနှင့်အသုံးပြုပါက ဘေးဖက် 360 ိ ၊ အပေါ်အောက် 160 ိ လိုသလိုလှည့်အသုံးပြုနိုင်သလိုအောက်ခြေချိတ်ကနေလဲချိတ်ဆွဲအသုံးပြုနိုင်ပါသည် ၊ powerbank နှင့်လဲ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် အားကုန်သွားရင်တောင် အဆင်ပြေပြေအသုံးပြုနိင်နေဉီးမှာပါ ၊ အာမခံ ခြောက်လပေးထားပါတယ် ။







